မင်းတုန်း ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ ညနေ ၂ နာရီခွဲက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပရာ Grade-8 ကျောင်းသား၊ ကျောင်းသူ(၅၅)ဦး တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်သူက သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူပြီး အောက်ဆီဂျင်ထုတ်လုပ်ပေးရာတွင် အရေးပါပုံနှင့် ရေသယံဇာတထိန်းသိမ်းပေးပုံ၊ မီးခိုးမြူငွေ့ကြောင့်သက်ရှိများအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ မီးခိုးမြူငွေ့လျှော့ချရေးအတွက် မလိုအပ်ဘဲ မီးရှို့ခြင်းမပြုလုပ်ရန်နှင့် ပလပ်စတစ်အိပ်သုံးစွဲမှု လျှော့ချရန် ဖြစ်နိုင်ပါက အသုံးမပြုကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)