တောင်တွင်းကြီး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးဆီများ ရောင်းချပေးနေခြင်းကို တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ကြီးကြပ်ပြီး ဆီတစ်ပိဿာလျှင် ငွေကျပ် (၈,၀၀၀) ဖြင့် ဝန်ထမ်းတစ်ဦးလျှင် ဆီတစ်ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)