မင်းတုန်း ဇန်နဝါရီ ၂၄
ပွင့်လင်းရာသီရောက်ရှိလာတော့မည့်ဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှရပ်ကွက်၊ ကျေးရွာများသို့ မီသတ်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မီးသတိမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)