မြို့သစ် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရပ်ကွက်အတွင်း သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲဝင်များက ရပ်ကွက်အတွင်းရှိ လူနေအိမ်နှင့် စက်ရုံ/အလုပ်ရုံများအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး အကြံပေးခြင်း၊ အရေးပေါ်မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့်နေအိမ်များနှင့် အခြားမီးသုံးစွဲသည့်နေအိမ်များအား မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေးခဲ့ကြောင်း မြို့နယ်မီသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)