ချောက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာ ရေနံမြေရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအကြို အခြေခံမီးသတ်သင်တန်း (၁/၂၀၂၅) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ချောက်/လမ်းရွာ ရေနံမြေ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းကျောင်းတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာမှူး ဦးမျိုးသူရက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာသင် တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် ချောက်/လမ်းရွာ ရေနံမြေလုပ်ငန်းခွင်ကျွမ်းကျင် မှုသင်တန်းကျောင်းရှေ့၌ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ အကြိုအခြေခံ မီးသတ်သင်တန်းကို သင်တန်းသား (၃၀) ဦးဖြင့် ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဇန်နဝါရီလ (၂၄) ရက်နေ့အထိ နေ့စဥ်စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)