သရက်ချောင်း ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အ.မ.က ပန်းတောမူလွန်ကျောင်း၌ ယနေ့နံနက် ၈နာရီခွဲအချိန်က “အကျိုးကျေးဇူးမျိုးစုံရရှိဖို့ စိုက်ပျိုးပြုစုထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်၊၊
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးက ကျောင်းသား/ သူများအား သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ ရေချိုအား ချွေတာသုံးစွဲရန်နှင့် ရေသယံဇာတများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး နည်းလမ်းများ၊ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် အဆိုပါအကြောင်းအရာများနှင့် ပတ်သက်၍ ကျောင်းသား/ သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးက ကျောင်းစာကြည့်တိုက်အတွက် သစ်တောဂျာနယ်များနှင့် ကျောင်းစိမ်းလန်းစိုပြည်ရေးအတွက် ရန်ပုံငွေ ပေးအပ်လှူဒါန်းရာ အ.မ.က ပန်းတောမူလွန်ကျောင်းမှ ကျောင်းတာဝန်ခံက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)