အ-မ-က ဘုရားကုန်းကျောင်း၌ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြော ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ  ဇန်နဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊  အ-မ-က ဘုရားကုန်းကျောင်း၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြသခြင်းကို ယမန်နေ့က နည်လှည့် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၏ နောက်ခံသမိုင်းအကြောင်းများ၊  ပြည်ထောင်စုစိတ်ဓာတ်များ မူးယစ်‌ဆေးဝါးအန္တရာယ်မှ ရှောင်ရှားနိုင်စေရေးစသော အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှးဆောင်ပြသထားသည့်  ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေး‌နံရံကပ်စာ‌စောင်များကို ကျောင်းသား လူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)