စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဖြစ် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

တမူး ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဖြစ် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၁)နာရီ အချိန်ခန့်က လူစည်ကားသည့် မြို့မ စည်ပင်သာယာစျေးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တမူးမြို့ မသန်စွမ်းသူများ အသင်းမှ တာဝန်ခံ ဒေါ်မေသဇင်ထူး နှင့်အဖွဲ့ဝင်များ၊တမူးမြို့နယ် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့် အဖွဲ့ဝင်များမှ မြို့မစျေးအတွင်းရှိ စျေးရောင်း၊စျေးဝယ် သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခဲ့ကြပြီး ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာကြရာတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)