ရွှေဘို ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အ.ထ.က(ခွဲ)တန်းလတ်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုကြရန်၊ စာပေဖတ်ရှုခြင်းကြောင့် အတွေးအခေါ်မြင့်မားလာပြီး အသိပညာဗဟုသုတများ ရရှိစေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် အပန်းဖြေအားကစားနည်းများကိုလည်း လေ့ကျင့်လိုက်စားကြရန်တို့ကို ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူလေးများက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)