စေတုတ္တရာ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက် ၇ နာရီအချိန်က ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အငြိမ်းစားဝန်ထမ်း (၇၁၄)ဦး ရှိပြီး ဇန်နဝါရီ၂၃ ရက်နေ့မှ စတင်၍ထုတ်ပေးခဲ့ရာလကုန်ရက် အထိ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် (၂) နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို လစဉ်လဆန်းရက် ဘဏ်လုပ်ငန်းဆောင်ရွက်ချိန်တွင် ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆန်းကိုကို(ပြန်/ဆက်)