လပွတ္တာမြို့၌ မူလတန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်

လပွတ္တာ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် လပွတ္တာမြို့၊ (၆)ရပ်ကွက်၊ ဘုရားလမ်းရှိ အ.မ.က(၆)ကျောင်းရှိ မူလတန်းကျောင်းသား၊ ကျောင်းသူလေးများအား ယနေ့နံနက် ၁၀ နာရီအချိန်က အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့၌ ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများပူးပေါင်း၍ (၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၆၃)ဦးနှင့် လပွတ္တာမြို့၊ (၆)ရပ်ကွက်၊ ဘုရားလမ်းရှိ အ.မ.က(၆)ကျောင်းရှိ မူလတန်းကျောင်းသား၊ ကျောင်းသူ (၂၈)ဦးတို့အား အာဟာရဒါနအဖြစ် ထမင်း၊ ပဲဟင်းနှင့် ရွှေဖရုံသီးဟင်းချို၊ ကြက်ဥ၊  ငှက်ပျော်သီးနှင့် ပေါင်မုန့်တို့အား ကျွေးမွေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ လာရောက်ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)