ပခုက္ကူ ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် “Impacts of Climate Change and Environmental Sustainability” သုတေသနစာတမ်းများ ဖတ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင် (ဘွဲ့နှင်းသဘင်ခန်းမ) ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ်သမိုင်းကြောင်းနှင့် (၂၄) နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းများ ဖတ်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာတမ်းရှင် ပါမောက္ခချုပ်(ငြိမ်း) ဦးစိုးမြင့်က “Historical View of Educational Status From Pakokku Regional College to Pakokku University” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ ကိုကိုကြီးက “ Navigating the Future Education, Arts, Science and Technology for Prosperous University” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားကြရာ ပခုက္ကူတက္ကသိုလ် အနုပညာအသင်းဝင် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖွင့်လှစ်ကြသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၏ (၂၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် “Impacts of Climate Change and Environmental Sustainability” နှင့်ပတ်သက်သည့် ဝိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်ဆိုင်ရာသုတေသနစာတမ်းပေါင်း (၃၇) စောင်ကို စာတမ်းရှင်များက ဆက်လက်ဖတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)