လိပ်သို ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ မိမိုးမိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကျောင်းသား/ကျောင်းသူများကို အားပေးစကားပြောကြားပြီး လိုအပ်သည်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ကျန်းမာရေးဝန်ထမ်းတို့နှင့်အတူ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်