ညောင်တုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ဗန်း‌မော်တင်အောင်ရေးသားသော "မြစ်ဧရာပေါ်ဝယ်" စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)နာယက ဦးချစ်စိုးနှင့် အဖွဲ့ဝင် ဦးမြင့်ဟန်တို့ကဦးဆောင်၍ "မြစ်ဧရာပေါ်ဝယ်" စာအုပ်ပါ မိုးမလင်းနိုင်သောညတစ်ည၊ နယ်ရှစ်ခွင်၊ ချစ်သောဧရာဝတီ၊ မြစ်ဧရာပေါ်ဝယ်စသည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)