ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ဖြူး ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာများဖြစ်ကြသော လူခါး၊ ကိုစိုးထိုက်(ဖဒို)၊ ဟမ်စိုင်း(ဆေး-မန်း)၊ ချမ်းငြိမ်း(ဟံသာဝတီ)၊ ပီတိ(ပေကြီး)၊ စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)၊ ဟေမာလွင်တို့ ရေးသားထားသည့် "လူငယ်နှင့်အောင်မြင်မှု ပန်းတိုင်ဆီသို့"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်တွင်ရေးသားထားသည့် ရေးသားချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် (Book Club) အဖွဲ့ဝင်များ၊ ရုံးစာကြည့်တိုက်တွင် အမာခံစာငှားပရိသတ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက စာရေးဆရာကလောင်စုံ ရေးသားထားသည့် "လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့"စာအုပ်တွင်ပါရှိသည့် ကြယ်ဖမ်းသမား၊ ကယန်းဒေသသို့ ပရဟိတခရီး၊ ပျော်ရွှင်ခြင်းဆီသို့၊ ခါးပိုက်နှိုက်အဘိုးကြီးကို ဆုံးမလိုက်တဲ့ လူငယ်လေး၊ အောင်မြင်သောလူငယ်၊ Covid-19 ဆိုတာ တွေ့ကြုံကြည့်ဖူးချင်တဲ့ စိန်ခေါ်မှုအသစ်အဆန်းတစ်ခုပါ၊ စာအုပ်ထဲက သင်ခန်းစာခေါင်းစဉ်များမှ မှတ်သားစရာ ရေးသားချက်များကို ဖတ်ကြားခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)