လေးမျက်နှာ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု ၊ သောင်ဘုတ်ရွာနှင့် အလယ်ကျွန်းကျေးရွာတို့တွင် နိုဝင်ဘာလ ၂၆ ရက်က ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော အိမ်ခြေ(၆)လုံးအတွက် ယမန်နေ့ မွန်လွဲ(၁၂:၃၀) နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသော ထောက်ပံ့ပစ္စည်း များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ဒု-မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ဇေ၀ဏ္ဏသူ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကော်မတီ၀င် ဦးမြင့်၀င်းနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဉာဏ်၀င်းပိုင်တို့မှ သောင်ဘုတ်ရွာနှင့် အလယ်ကျွန်းကျေးရွာတို့တွင် ကမ်းပြိုဘေးကြောင့် ပြောင်းရွေ့ခဲ့ရသောအိမ်ခြေ (၆)လုံး အတွက် အိမ်ထောင်တစ်စုလျှင် Hygiene kit (၁)ခု၊ Tarpaulin (၁)ချပ်စီတို့ကို အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)