သံတောင်ကြီးဒေသထွက်လက်ဖက်ခြောက်များဈေးကောင်းရရှိ

သံတောင်ကြီး  ဇန်နဝါရီ  ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

သံတောင်ကြီးမြို့သည် အမြင့်ပေ(၄၀၀၀)အထက်ရှိပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက် လက်ဖက်ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ယခုပွင့်လင်းရာသီအချိန် ရောက်လာပြီးဖြစ်သောကြောင့် လက်ဖက်စိုက်ပျိုးတောင်သူများအနေဖြင့်  လက်ဖက်ရွက်အနုများခူးယူကာ လက်ဖက်ခြောက် (အကြမ်းခြောက် )များပြုလုပ်ရောင်းချလျက်ရှိသည်။

သံတောင်ကြီးမြို့သည် ယခင်လက်ဖက်ခြောက်တစ်ပိဿာကို ကျပ်(၇၀၀၀)မှ ကျပ်(၈၀၀၀) ထိသာ ရရှိသော်လည်းယခုနှစ်တွင် လက်ဖက် ခြောက် တစ်ပိဿာကို ကျပ် (၁၈၀၀၀)ထိရရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများမှာလက်ဖက်များကို ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။

နော်နော်မူ