သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် ၅နှစ်‌အောက်ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေး

သရက်ချောင်း  ဇန်နဝါရီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက် ၉နာရီမှစတင်၍ မြို့နယ်အတွင်းရှိ အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းဆရာ/ဆရာမများက မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ပေါင်အလေးချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကလေးသူငယ်များ ခန္ခာကိုယ်ဖွံ့ဖြိုးရန်အတွက် ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)