ကြံခင်း ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အနှေးယာဉ်(ဆိုက္ကား) လိုင်စင်သက်တမ်းတိုးခြင်းကို ဒီဇင်ဘာ(၁) ရက်နေ့မှစပြီး မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံး၌ စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် အနှေးယာဉ်(ဆိုက္ကား) ၃၅၁ စီးနှင့် ဘက်ရဲမြို့တွင် အနှေးယာဉ်(ဆိုက္ကား) ၆ စီးရှိကြောင်း၊ အဆိုပါ အနှေးယာဉ်(ဆိုက္ကား)များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်(၁-၁၀-၂၀၂၀)မှ (၃၀-၉-၂၀၂၁)ထိ တစ်နှစ်စာ လိုင်စင်သက်တမ်းတိုး ပြုလုပ်ပေးတာဖြစ်ကြောင်း၊ လိုင်စင် သက်တမ်း တိုးပြုလုပ်ပေးရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ကဒီဇင်ဘာ(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ (တစ်လ)သတ်မှတ် လိုင်စင်သက်တမ်း တိုးပြုလုပ်ပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးမှသိရသည်။
အဆိုပါ လိုင်စင်သက်တမ်းတိုး ပြုလုပ်ပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲမှ ဒုတိယဦးစီးမှူး (အခွန်) ဒေါ်ခင်သန္တာထိုက် ဦးဆောင်သောအဖွဲ့က လိုင်စင်သက်တမ်း တိုးခြင်းကို စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)