ကန့်ဘလူ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်- ၃ ဒေါ်အိအိသင်းက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်း သူလူငယ်များအနေဖြင့် ကျောင်းသင်ပညာရပ်များအပြင် ပြင်ပဗဟုသုတတိုးပွားရရှိစေမည့် စာအုပ်စာပေများကိုလည်း ဖတ်ရှုကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့အတွက် အကျိုးရှိစေမည့် အသိပညာ၊ မိမိတို့ မတွေ့ကြုံရသေးသည့် ဘဝသင်ခန်းစာများကို ရရှိစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade- 11 နှင့် Grade- 10 ကျောင်းသားကျောင်းသူ ငါးဦးတို့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာပေ စသည့်ခေါင်းစဥ်များအလိုက် မိမိတို့ဖတ်ရှုလေ့လာထားသည်များကို ပြန်လည်မျှဝေဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးသည်။ ယင်းနောက် ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည့် ရုပ်သံကျွမ်းကျင်- ၃ ဒေါ်အိအိသင်းက စကားဝိုင်းနှင့် စပ်လျဥ်း၍ ပြန်လည်သုံးသပ်ဆွေးနွေးသည်။
အဆိုပါ အခမ်းအနားသို့ သူရိန်နန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၇၀ ဦးတက်ရောက်ကြပြီး အသိပညာပေး စာအုပ်စာစောင်များနှင့်နံရံကပ်စာ စောင်များကိုလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)