ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ပန်းတနော် ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း" စာအုပ်မှ စာရေးဆရာဖြစ်ချင်သလား  ကဏ္ဍကိုဦးဆောင် ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အပတ်စဥ် လစဥ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် သင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)