မြန်အောင်မြို့ ဝေဠုဝန်ဆရာတော်မဟာဂန္တဝါစ​က​ပဏ္ဍိတဘဒ္ဒန္တစာရိန္ဒ၏(၆၀)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲနှင့် ဝေဠုဝန်ပရိယတ္တိ သာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

မြန်အောင် ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယအနေကဇာတင်မင်္ဂလာ၊ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ၏(၆၀)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲနှင့်ဝေဠုဝန်ပရိယတ္တိ သာသနာ့ဗိမာန်တော်ကြီး ကျောင်းရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာနံနက် ၅ နာရီအချိန်တွင် အတုလသယမ္ဘူ ဘုရားကြီးအားသစ်သီးဆွမ်း၊ ပန်း၊ ရေချမ်းဆက်ကပ်လှူဒါန်း၍ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတဘဒ္ဒန္တစာရိန္ဒ(သာသနဓဇဓမ္မာစရိယ၊ ဝေဠုဝန်နိကာယ ဝိနိယဝိသာရဒ၊ ဒိဃနိကာယကောဝိဒ)အရှင်သူမြတ်နှင့် ဆရာတော်သံဃာတော်များက ဗုဒ္ဓပူဇနိယအနေကဇာတင် ပူဇော်ခဲ့ကြရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့ တက်ရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းဆက်ကပ်၍ ဧည့်ပရိသတ်များအား ဧည်ခံကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ယင်းနောက် မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိသာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ သာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲ မုခ်ဦးအာအလှူရှင်များစုပေါင်း၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးဝေဠုဝန်ဆရာတော် မဟာဂန္တဝါစ​က​ ပဏ္ဍိတဘဒ္ဒန္တစာရိန္ဒ(သာသနဓဇ ဓမ္မာစရိယ၊ ဝေဠုဝန်နိကာယဝိနိယဝိသာရဒ၊ ဒိဃနိကာယ ကောဝိဒ) အရှင်သူမြတ်နှင့် နိုငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တဝရဥာဏ ကြံခင်းမြို့ ကွေ့မတောင်ပုံကျောင်း ဆရာတော်အရှင်သူမြတ်တို့က ဝေဠုဝန်ပရိယတ္တိသာသနာ့ဗိမာန်တော်ကြီး ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပြီး ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်အတွင်း စတုဒိသာအာဟာရအလှူနှင့် နိဗ္ဗာန်စျေးအလှူ ကျင်းပပြုလုပ်ရာ ဆရာတော်နှင့်တပည့်ဒါယိကာမဒါယိကာမများက ဧည့်ပရိသတ်များအား နေ့လည် ထမင်းဟင်းများဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြသည်။

၂၂-၁-၂၀၂၅ ရက်နေ့တွင်လည်း မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာ၊ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ အရှင်သူမြတ်၏(၆၀)နှစ်ပြည့်ဝိဇာတ မင်္ဂလာနှင့်ဝေဠုဝန်ပရိယတ္တိ သာသနာ့ ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနား(ဒုတိယနေ့) ဆက်လက်ကျင်းပပြုလုပ်၍ ဝေဠုဝန် နိဗ္ဗာန်စျေးပွဲတော်၊ စတုဒိသာအလှူပွဲများ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်