မြို့သစ် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများမှ ဇန်နဝါရီလ (၂၁) ရက်မှ (၃၁) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီထိ အငြိမ်းစားဝန်ထမ်း (၁၂၅၄)ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့ ညနေပိုင်းအထိ (၄၅၅)ဦးခန့် ထုတ်ပေးပြီးဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)