ဓနုဖြူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဓနုဖြူ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတေဇခန်းမတွင် ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက “ပညာရေးစုံညီပွဲတော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလှဌေးက အမှာစကားပြောကြားပြီး၊ အ.ထ.က(၁)ဓနုဖြူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်နုက ပညာရည်ချွန်နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဘက်စုံထူးချွန်ဆုရကျောင်းသား/ ကျောင်းသူများအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)