စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး၍ မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

ဖြူး ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာများရရှိစေရေးအတွက် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး၍ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးချမ်းဟိန်းလင်းက ကျောင်းသား/ ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောသည်။ ဆက်လက်၍ မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက   မီးသုံးစွဲမှုစနစ်တကျရှိစေရေး၊  မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားပေါ်ပေါက်လာပါက  မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)