မြောင်းမြ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက်(၈)နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများအား လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကို ဦးဆောင်သောအဖွဲ့မှ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများအား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတစ်ဦးလျှင် (၁၀)လုံးနှုန်းဖြင့် လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုအနေဖြင့် နှလုံး၊ သွေးတိုး၊ ဆီချိုများအား တိုင်းတာစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခြင်းအား မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)