အုတ်တွင်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဒေါ်မေချိုမီမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာကျောင်းများမှ သင်တန်းတက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာကြည့်တိုက်လက်စွဲပါ အခြေခံစာကြည့်တိုက်ပညာဘာသာရပ်များအား စာတွေ့/လက် တွေ့သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၁ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်နေ့ထိ ၂ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား/သင်တန်းသူ( ၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)