ကျောက်တံခါး ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်ကုသပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက် မှုများဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များက ကျန်းမာရေးမကောင်း၍ ဆေးဝါးကုသပေးသော နိုင်ငံ့ဝန်ထမ်းများအား ကြည့်ရှုအားပေးကာ လိုအပ်သောဆေးဝါးများအား ကူညီထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစည်သူစန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဖြစ်ပွားနေသည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)