အမာမြို့၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမာ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်()နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့‌ပေးကြောင်း သိရသည်။

အဆိုပါ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းနှင့် ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးစသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းနှင့် ဇန်နဝါရီလ ၂၂ ရက်၊ ၂၃ ရက်နေ့များတွင်လည်း သတ်မှတ်ထားသော စုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အမာ(ပြန်/ဆက်)