သနပ်ပင် ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အမှာစကားပြောကြားပြီး နွေစပါးတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသောသွင်းအားစုများကို သမဝါယမအသင်းသားများသို့ ထောက်ပံ့ပေးခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းအား မြို့နယ် သမဝါယမအသင်းစုမှ ကျေးရွာ ၁ရွာ၊ အခြေခံသမဝါယမအသင်း ၁ သင်း၊ အသင်းသား ၆၉ ဦး၊ နွေစပါးဧက ၁၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)