တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် Grade – 5 နှင့် အလယ်တန်းအဆင့် Grade – 9 သင်ကြားသင်ယူမှု ထိရောက်ရေး ဆွေးနွေးပွဲများ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade – 5 နှင့် အလယ်တန်းအဆင့် Grade – 9 သင်ကြားသင်ယူမှုထိရောက်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် မြို့နယ်အဆင့်ဆွေးနွေးပွဲများကို ဇန်နဝါရီလ ၁၉ ရက်နေ့က အမှတ်()အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်()အခြေခံပညာအထက်ကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် Grade – 5 သင်ကြားမှုသင်ယူမှုထိရောက်ရေးနှင့် အရည်အသွေးမြှင့်ဆွေးနွေပွဲကို တက်ရောက်ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမ ၁၃၉၅ ဦးနှင့် ဦးဆောင်ဆွေးနွေးသူ ဆရာ၊ ဆရာမ ၄၆ ဦး၊ အခြေခံပညာအလယ်တန်းအဆင့် Grade -9 အတွက် သင်ကြားမှုသင်ယူမှု ထိရောက်ရေး ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမ ၄၃၂ ဦးနှင့် ဦးဆောင်ဆွေးနွေးသူ ဆရာ၊ ဆရာမ ၃၀ ဦး၊ စုစုပေါင်း ဆရာ၊ ဆရာမ ၁၉၀၃ ဦးတို့က မိမိတို့သင်ကြားသည့် ဘာသာရပ်များအလိုက် သင်ကြားမှုသင်ယူရေး ထိရောက်မှု ထိရောက်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် ပါဝင်ဆွေးနွေးခဲ့ကြသည်။

နောင်နောင် (ဗိဿနိုးမြေ)