စလင်းမြို့၊ မြို့မစည်ပင်သာယာစျေး၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေး ပလတ်​စတစ်အိတ် ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

စလင်း ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ်  မြို့မစည်ပင်သာယာစျေး၌ ရောင်းချကြသည့်  စျေးသည်၊ စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျှော့နည်းသက်သာစေရေး ပလတ်စတစ်အိတ် သုံးစွဲမှုလျှော့ချသုံးစွဲ  လျှော့နည်းသက်သာစေရန် အသိပညာပေးခြင်းနှင့်  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များပါဝင်သော အင်အား(၁၀)ဦးလိုက်ပါ၍ စျေးရောင်းစျေးဝယ်ပြည်သူများကို စျေးဝယ်ယူရာ၌ လက်ဆွဲခြင်းနှင့် ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း  မိမိတို့ဒေသမှထွက်ရှိသည့်  ကြာဖက်၊ ငှက်ပျောဖက်တို့ကို  အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ အလွန်အကျွံသုံးစွဲ၍ လေထုညစ်ညမ်းမှုများရှိလာကာ ဘေးထွက်ဆိုးကျိုးများကြောင့် လျှော့ချသုံးစွဲကြရန်  အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကာ အပတ်စဥ် တနင်္လာ၊ အင်္ဂါနေ့တိုင်း ပလတ်စတစ်အိတ်  မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ကာ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ လိုက်လံအသိပေးခြင်းများ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ ပြည်သူများ လိုက်နာဆောင်ရွက်ကြရန်  အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(ပြန်/ဆက်)