တောင်တွင်းကြီး ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲပိုင်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူးချွန်သောကလေးများဖြစ်လာစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၃၀)ဦးတို့က စိတ်ဝင်စား စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
နောင်နောင်(ဗိဿနိုးမြေ)