ပန်းတောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိ

ပန်းတောင်း ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသော ရောဂါများကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို​​ လစဥ် (၂၁) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ  ၄ နာရီအချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာလက်ရှိတွင် လူနာဟောင်း (၇၀) ဦး၊ လူနာသစ် (၈)ဦးစုစုပေါင်း (၇၈) ဦးခန့်ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။

လပြည့်လင်း (ပြန်/ဆက်)