နတ်တလင်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ဇန်နဝါရီ ပထမပတ်မှစတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို သာယာဝတီခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မျိုးနိုင် ဦးဆောင်၍ နတ်တလင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဝင်းဌေးနှင့် ဝန်ထမ်းများမှ ဌာနပိုင်ထရန်စဖော်မာများ၊ ပုဂ္ဂလိကပိုင်ထရန်စဖော်မာများ၊ ပါဝါမီတာနှင့် အိမ်သုံးမီတာများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အပတ်စဉ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာထံမှ သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)