ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငဖဲ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ပီတိ (ပေကြီး) ရေးသားသော ပြည်သူတွေကို သိစေချင်တဲ့ ပြည်သူ့နီတိအခြေခံသိစရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Youth  Club အဖွဲ့ဝင် မောင်မင်းမင်းဦးက စည်းကမ်းသည်လူ၏တန်ဖိုးဖြစ်၍ အိမ်၊ လမ်း၊ ကျောင်း၊ ရုံး ဆိုင်ရာစည်းကမ်းများကို လိုက်နာဖို့လိုအပ်ကြောင်း၊ အရာရာတိုင်းကတန်ဖိုး ကိုယ်စီရှိနေပြီး မိမိအသက်ကိုတန်ဖိုးထားရန်၊ မိမိဘဝကိုတန်ဖိုးထားရန်၊ မိမိပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့တိုင်းကိုလည်း တန်ဖိုးထားရန် လိုအပ်ကြောင်းနှင့် မောင်ထွန်းလင်းဦးက ကြိုးစားပါ၊ ကျေးဇူးသိပါ၊ စည်းစည်းလုံးလုံးနေပါနှင့် နိုင်ငံ့သားကောင်းတစ်ယောက်၏ တာဝန်ဝတ္တရားများကို  ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။၊

အဆိုပါစာအုပ်တွင် နိုင်ငံသားကောင်းတစ်ယောက် လိုက်နာပြုကျင့်ဆောင်ရွက်ရမယ့် ကျင့်ဝတ် စည်းကမ်း၊ တာဝန်ဝတ္တရားတွေကို ပြုကျင့်၊ လိုက်နာ၊ ထမ်းဆောင်ကြခြင်းဟာ ပြည်သူ့နီတိနဲ့အညီ နေထိုင်ကြခြင်းဖြစ်ပြီး ပြည်သူ့နီတိသည် ပြည်သူတိုင်းလိုက်နာဆောင်ရွက်ရမည့် အရာသာဖြစ်၍ ဘာသာတစ်ခု၊ လူမျိုးတစ်မျိုးတည်းမဟုတ်ဘဲ နိုင်ငံသားတိုင်းလိုက်နာလက်ခံနိုင်သော ကျင့်ဝတ် စည်းကမ်း တာဝန်ဝတ္တရားများကို ရေးသားဖော်ပြထား၍ စာဖတ်သူများ ဖတ်ရှုလိုက်နာသင့်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)