မြို့သစ် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ဆေးအရောင်းဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးအရောင်းဆိုင်များနှင့် စျေးဆိုင်များတွင် တရားဝင်လိုင်စင်နှင့် သက်တန်းလွန်ဆေးဝါးများ၊ စပ်ဆေးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် အခွန်ပေးဆောင်မှု ရှိ/မရှိတို့ကို စစ်ဆေးပြီး စျေးဆိုင်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများနှင့် အခြေခံစားသောက်ကုန်များ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)