စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း​သက်ကြီးပင်စင်စားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

စလင်း ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းသက်ကြီးပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ  မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း  သိရသည်။  

ထိုသို့ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏ လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ပင်စင်လစာငွေများကို လစဥ်ပုံမှန် (၂၁)ရက်နေ့တိုင်းထုတ်ပေးလျက်ရှိရာ ပင်စင်လစာငွေများထုတ်ပေးရာ၌ အဆင်ပြေချောမွေ့လျင်မြန်လွယ်ကူစွာ ထုတ်ပေးနိုင်ရေးအတွက် ပင်စင်ထပ်တိုးငွေထုတ်ယူကြမည့် မြို့ပြပင်စင်စားများနှင့်  ကာကွယ်ရေးပင်စင်စားများအား ထပ်တိုးလစာငွေ (၃၀၀၀၀)ကျပ်ကို ထုတ်ယူနိုင်ရန်  ပင်သင်ထုတ်ရက်မတိုင်မီ  စာရင်းဇယားများကို စနစ်တကျရေးဆွဲ ကြိုတင်ပြင်ဆင်ထားရှိပြီး  ပင်စင်ထုတ်ယူသူများ အချိန်ကြာမြင့်မှုမရှိစေရေးနှင့် လျင်မြန်လွယ်ကူစွာထုတ်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိကြောင်း  မြန်မာ့စီးပွားရေးဘဏ်ရုံးမှ  သိရသည်။

မြို့နယ်မြန်မာ့စီးပွားရေးရေးဘဏ်မှ ပင်စင်စားများ၏ ပင်စင်ထုတ်ရက်များတွင်  ပြည်သူများ၏ ငွေသွင်းခြင်း၊ ငွေထုတ်ယူခြင်းများကိုလည်း အဆင်ပြေလွယ်ကူလျင်မြန်အောင်  ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်မီမီအောင်ထံမှ  သိရသည်။

(မောင်လွင်)စလင်း