နတ်မောက်မြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

နတ်မောက် ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ နေနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များကို လစဉ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံးခန်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လစဉ်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ရှိ ဆရာမများနှင့် ဝန်ထမ်းများက မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ အသက်အပိုင်းအခြားအလိုက် ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(PCV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉) မျိုးနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

လှဝင်း