ဖြူး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆုပေးပွဲနှင့်ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိမာဟိန်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပြီး စာလုံးပေါင်းသတ်ပုံပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ(၂၁)ဦးက စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ အဖြေမှန်များအား ဖြေဆိုကြရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ကျောင်းအုပ်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုလက်ဆောင်များချီးမြှင့်ပေးကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)