ပင်လည်ဘူး ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ဒီဇင်ဘာ ၂ ရက်နေ့(ယမန်နေ့) ည ၁၁ နာရီ အချိန်ခန့်တွင် မြို့မရပ်ကွက် အမှတ်(၄)လမ်းရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အလျား - ၇၇ ပေ အနံ- ၃၃ ပေ၊ သွပ်မိုး၊ အုတ်ညှပ်(တစ်ထပ်) အဆောက်အဦ၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနေတိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၃၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဌာနပိုင်ရုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ညတာဝန်ကျ ဝန်ထမ်း(၁)ဦးအား ပင်လည်ဘူးမြို့နယ်ရဲတပ်ဖွဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)