ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများလှူဒါန်း

ဟားခါး    ဒီဇင်ဘာ    ၂

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းကို နေ့နံနက်က ဟားခါးမြို့၊ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် PPEဝတ်စုံ(၁၀)စုံ၊ လက်သန့်ဆေးရည်(၃၀)ဗူး၊ ပိုးသတ်ဆေးရည်(Bleaching Powder) (၅)ပုံး၊ ဆေးဖျန်းပုံး(၁)ပုံး၊ Surgical Mask (၂၅)ဗူး၊  N95 Mask (၃)ဗူး၊ ခေါင်းစွပ်(Cap)(၁၀၀)ခု၊ လက်အိတ်(Rubber Gloves)(၈)ဗူး၊ ကိုယ်အပူချိန် တိုင်းကိရိယာ(Inferred Forehead thermometer) (၃)၊ကျန်းမာရေးတွင် အသုံးပြုသည့်ဝတ်စုံ( Scrub Suit)နှင့်(၃၀)ခုတို့ကို ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ​ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ဟားခါးကက်သလစ် သာသနာလူငယ်အဖွဲ့မှ  ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကို အောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများနှင့်ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း