မင်းလှမြို့နယ်တွင် စားသုံးရန်မသင့်သော စားသောက်ကုန်များ ရောင်းချခြင်း ရှိ၊ မရှိနှင့် ခွင့်ပြုချက်မရှိသော ဆိုးဆေးများ ပါဝင်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဇေယျာသီရိဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်ဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ခွင့်ပြုချက်မရှိသော ဆိုးဆေးများပါဝင်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊   တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍  ယနေ့နံနက်(၉)နာရီက  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာ၌ စားသောက်ကုန်ဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော စားသောက်ကုန်များရောင်းချခြင်း ရှိ၊ မရှိ၊ စားသောက်ကုန်များတွင် ခွင့်ပြုချက်မရှိသော ဆိုးဆေးများ ပါဝင်ခြင်းရှိ၊ မရှိ စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး‌ စားသောက်ကုန်ဆိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများအား သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန်နှင့် ခွင့်ပြုချက်မရှိသော ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်များရောင်းချခြင်း မပြုလုပ်‌စေရန်အတွက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။                                                                                                          

ဇာဇာ(အထက်မင်းလှ)