ကော့သောင်း ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းများကို ယမန်နေ့နေ့လယ်ပိုင်းက ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာဟောပြောပွဲတွင် ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးက အမျိုးသမီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများ၊ ရှောင်ရန်၊ ဆောင်ရန်များနှင့် နေထိုင်စားသောက်မှုအလေ့အကျင့်ကောင်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၏ ကျန်းမာရေးဆိုင်ရာအသုံးဝင်ပုံများနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ဗဟုသုတဖြစ်ဖွယ်များအား ဟောပြောခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)