ဓနုဖြူမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဓနုဖြူ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အလမျိုး) ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးနောင်နောင်က မီးဘေးလုံခြုံရေးအတွက် ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားစေနိုင်သောအချက်များ၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးဟောပြောကာ မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။ ထို့နောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်နှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် ဆီမီးလောင်မှုအား လက်တွေ့ငြှိမ်းသတ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)