အထက်မင်းလှ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သီးနှံများ စိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဝါသီနှံစိုက်ပျိုးရေး ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး၊ ဆီထွက်သီးနှံအထူးဇုံဖြစ်၍ မြေပဲ၊ နှမ်း၊ နေကြာများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ မွေးမြူရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ လုံခြုံရေး ဂရုပြုဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက၊ ပန်းတိုင်အထွက်နှုန်းရှိရေး၊ မွေးမြူရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)