မြို့သစ် ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက်တွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများ မှာကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံနရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)