ပခုက္ကူ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ဇန်နဝါရီ ၁၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က မီးခိုမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားဝေက မီးခိုးမြူငွေ့၏အဓိပ္ပါယ်၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ဆိုးကျိုးများနှင့်ရောဂါလက္ခဏာများ၊ မီးခိုမြူငွေ့ညစ်ညမ်းမှုအန္တရာယ် လျှော့ချနိုင်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမေးခွန်းများ မေးမြန်းကာ အဖြေမှန်ရရှိသူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခြင်း၊ မီးခိုမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာအသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)