မအူပင် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ဒေသခံပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိအား ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ကိုင်တွယ်သုံးစွဲကြရန်၊ ထင်း/မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းများချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား သေချာစွာငြှိမ်းသတ်ထားရှိရန် စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား အသိပညာပေး ဆွေးနွေးပြောကြားပြီး လူနေအိမ်များ၌ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စနစ်တကျ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)