ရှမ်းရွာသစ် ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်ကျောင်းသူ/ကျောင်းသားများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာထောက်-၃(အင်းအားပြ)ဒေါ်နော်မုနော်ဂေက မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးမှုများခြင်းသည် အများအားဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ တိတိကျကျ လိုက်နာမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့်အသက်မပြည့်ခင် မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ သတ်မှတ်ထားသော အရှိန်ထက်ပိုမို၍ မောင်းနှင်ခြင်း၊ မီးပွိုင့်များ၊ လမ်းညွှန်အမှတ်အသားများကို သတိမမူခြင်းများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယနေ့ဆောင်ရွက်သည့်လုပ်ငန်းသည် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်နှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)